ဒီနေ့  စားခဲ့တဲ့ မန်းလေးကြာဇံချက်
ကျွန်မစားတဲ့ ပန်းကန်
အစာပလာလုံလင်စွာဖြင့် ။
သံပုရာသီးက ဈေးကြီးတာကြောင့် သံပုရည်ဘဲ ၀ယ်လာခဲ့တယ်။ ငရုတ်ကောင်းမှုန့်  ကြိုက်ရင်ထည့်စားပါ။ငံပြာရည် ။ ဒီငရုတ်သီးအရည်က ဘာလို့ ထားထားလဲ သိဘူးရယ်။
ရေမဟုတ်ဘူးနော်။ အအီပြေ အချိုရည်လေး။
အိုးကြီးကြီးဘဲ။ မလောက်မှာ မပူနဲ့ ။
ရာသီဥတုက တော်တော်လေးပူနေတာကြောင့် တစ်ခုခု လုပ်စားရအောင် ဆိုတာနဲ့  ဒီနေ့ ရုံးမှာ အားလုံးရဲ့  သဘော တူညီချက်အရ မန်းလေးကြာဇံချက် ချက်စားကြတယ်။ ထုံးစံအတိုင်းပေါ့။ အရမ်းစားကောင်းတယ်။ ဘယ်လိုချက်လဲ မမေးနဲ့ နော်။ သိဘူး။
ရာသီဥတုကပူတယ်။ မန်းလေးကြာဇံချက်ကလဲ ပူတယ်။ စားရတာ ချွေးတွေကို ရွဲလို့ ။
လက်စကြီးတယ်ဘဲ ပြောရမလား။ မလောက်ငှမှာ အရမ်းကြောက်တာကြောင့် အိုးကြီးကြီးနဲ့  ၂လုံးတောင်း ချက်ထားတယ်။ အချိန်တန်တော့လဲ ကုန်သွားတာဘဲလေ။
7 comments:
မစားဖူးဘူးရယ်..အလုံးလေးတွေတန်းစီနေတာဘာလဲ ဟင်..ရန်ကုန်ကြာဇံချက်နဲ့အတူတူဘဲလားဟင်..
အလုံးလေးတွေက ငါးဖယ်လုံးလေးတွေလေ ချစ်ကူးရ။
ဟုတ်ကဲ့
ရန်ကုန်သူချက်ထားတာ။ စားကောင်းတယ်။
ကျနော် တို့ မန်းလေးကြာဇံချက်ကတော့ ဝက်သားနဲ့ ချက်တယ်ဗျ
ဘယ်နှစ်လည်း တော့ မမှတ်မိဘူး လူထု ဒေါ်အမာမွေးနေ့ အမရပူရ က ဦးပညာကျောင်း မှာလုပ်တုန်းက မန်းလေး ကြာဇံချက် ကျွေးဘူးတယ်
အခုကြာဇံချက်လည်း စားကောင်းမဲ့ပုံဘဲ
မန်းလေး ကြာဇံချက်စားချင်...
ဟင်..
အချိန်တန်တော့ ကုန်သွားတာပဲ..ဆိုတော့
မကျန်တော့ဘူးပေါ့...နောက်ကျသွားတယ်..း )
နောက်တစ်ခါချက်တော့ မှပဲ လာအားပေးတော့မယ်..းP
ပျော်ပါစေ
*.*.*
စားလို့ကောင်းဦးမှာ့ 
အရမ်းစားချင်တယ်
တစ်နေ့တစ်နေ့ စားလိုက်သောက်လိုက်
ဘဝကနေပျော်ဖို့ကောင်းလိုက်တာ
ကျောပိုးအိတ်ရဲ့ အဓိပ္ပါယ် အခုသိပြီ
ကျောပိုးအိတ်ထဲမှာ မုန့်တွေ ထည့်ထားတာနဲ့ တူတယ်။
(နောက်တာနော် စိတ်မဆိုးနဲ့ တကယ်တော့ ကြာဇံချက် မစားရလို့ မနာလို ဖြစ်နေတာ :)
အင်း ... မစားရတာ တော်တော်လေးကြာနေပါပြီ ..အခုလိုတွေ့တော့ ပြန်တော့မယ် ... အိမ်ကို ..
:P
Post a Comment