နေပူလွန်းတဲ့ နေ့ ရက်များ

09:47 Posted by ကျောပိုးအိတ်

ကျွန်မလဲ ကျွန်မရဲ့ ဘလော့လေးကို ပစ်ထားတာ ကြာလှရောပေါ့။ စာရေးအသားကလဲ မကောင်း ၊ စာရေးရတာလဲ ပျင်းနေတော့ အသစ်အသစ်တွေ မတင်နိုင်ဘူးဖြစ်နေတယ်။ ရေးစရာတွေ ၊ တွေးစရာတွေ ရှိနေကြတဲ့ ကျန်တဲ့အကိုတွေ ၊ အမတွေ ပို့ စ်အသစ် တင်နိုင်တိုင်း ကျွန်မ အရမ်းချီးကျုးမိတယ်။

ကျွန်မက ကျွန်မအိမ်ကိုသာ ပစ်ထားတာ ကြာနေပြီ။ ကျန်တဲ့ အကိုတွေ ၊ အမတွေအိမ်ကိုတော့ အိမ်ပေါက်စေ့ လျှောက်လည်တယ်လေ။ ထမင်းဘူးနဲ့ ကို လိုက်လည်တာ။ လည်တာမောလိုက် စားလိုက်ပေါ့။ ဘယ်သူ့ အိမ်ကမှ မကျွေးတာ။ ကိုယ့်စားရိတ်နဲ့ ကိုယ် လာရတော့တာပေါ့နော်။
း)

အခုနောက်ပိုင်းလဲ ဘာတွေရှုပ်နေမှန်း မသိအောင် အလုပ်တွေများနေတယ်။ တစ်ခါတစ်လေ ပြန်စဉ်းစားမိတယ်။ အလုပ်ပိုတွေ လုပ်နေတာလား ။ အပိုလုပ်တွေ လုပ်နေတာလားလို့ ။
း)

ဒီလိုနဲ့ တဖြည်းဖြည်း ရာသီဥတုကလဲ ပူလာတယ်။ (စာမရေးချင်တာနဲ့ ရာသီဥတုကို တရားခံစာရင်းထဲ ထည့်နေတာ) ညညဆို အိပ်မရဘူး ( မနက်မှ တရေး အိမ်မက်တောင် တစ်ညမှာ ၅ခုလောက်မက်တာ) စားရ တာလဲ ရာသီဥတုပူတော့ စားမကောင်းဘူး (မယုံမရှိနဲ့  ၂ကီလို တတ်လာတယ်) စိတ်တွေကလဲ နွေလေရူးနဲ့  အတူ ဂယောက်ဂယက်( နွေ မိုး ဆောင်း ရာသီစုံ)

အဲဒီလို အခြေအနေတွေကြောင့် စာမရေးဖြစ်တာ ( တကယ်တော့ ဆင်ခြေ ၊ ဆင်လက် ၊ ဆင်နားရွက် ၊ ဆင်ကလီစာ)
း)

မနေ့ က လူနာတစ်ယောက် တော်တော်အခြေနေဆိုးတာကြောင့် ကျွန်မ ဆေးရုံကို ရောက်သွားတယ်။ မနက် ၁၀း၀၀ နာရီလောက်မှာ ဖုန်းက ၀င်လာတယ်။ ကြည့်လိုက်တော့ ကျွန်မ မသိတဲ့ နံပါတ်တစ်ခု။ ကျွန်မက တော်ရုံ မသိတဲ့ ဖုန်းဆို မကိုင်ဘူး။ (မာနကြီးတာမဟုတ်ဘူးနော်။ ကြွေးရှင်ကြောက်လို့ ) ဒီဖုန်းက မကိုင်မခြင်းကို ခေါ်နေတာကြောင့် စိတ်မသက်မသာနဲ့ ကိုင်လိုက်တယ် (အိုင်တင် တစ်ပိသာနဲ့ ပေါ့)

ဟလို။
ဆရာမ…… လား။

ဟုတ်က။ဲ့
ဆရာမရေ ။ ဆရာမလူနာ ကိုအောင်လွင်ဦးလေ အခု အခြေနေ မကောင်းဘူး။

အွန်.. ဘယ်လိုအခြေနေမကောင်းတာလဲ။
အသက်မရှုတော့ဘူးဆရာမ။

အသက်မရှုတော့ဘူးဆိုတော့ သေပြီလား ။ (အဲ့ဂလို ဂရုဏာရှိတာ)
မသေတော့ မသေသေးဘူး။
ဟုတ်ပြီ ခဏစောင့်။ ကျွန်မတို့ လာကြည့်မယ်။

အဲဒီလို အူကြောင်ကြား ဖုန်းတစ်ခုကို ကျွန်မနားထောင်ပြီးတာနဲ့  ရုံးက ဆရာဝန်ဆီဖုန်းဆက်ပြီး နေခြစ်ခြစ်တောက် ပူနေတဲ့ ကြားကနေ ( ကယ်တင်ရှင်သဘောပေါ့နော် ) လူနာဆီ ပြေးရတော့တာပေါ့။ လူနာအိမ်ရောက်တော့ လူနာက ထင်သလောက်တော့ မဆိုးသေးပါဘူး။ ဒါပေမယ့် ရင်တော်တော်ကြပ်နေတယ်။ အသက်ရှုခက်နေတယ်။ လိုအပ်တဲ့ စမ်းသပ်မှုတွေ လုပ်ပြီး နောက်ဆုံး ဆေးရုံသာလျှင် ကောင်းဆုံးဆိုပြီး ဆေးရုံ တင်လိုက်တယ်။ (မကောင်းကျောင်းပို့ 
တော့မဟုတ်ဘူး။ ကိုယ့်လက်ထဲမှာ တစ်ခုခုဖြစ်မှာကြောက်လို့ )

ဆေးရုံမှာ လိုအပ်တာတွေ လုပ်ပေးပြီးတော့ ကျွန်မ တော်တော်မောနေပြီ။ 7eleven က ရေတစ်ဗူးဝယ်ပြီး သောက်နေမိတယ်။ သြော် ရေတောင် သောက်ရတာ အရသာရှိလိုက်တာနော်။ ဆေးရုံရှေ့ က ခုံတန်းလေးမှာ ရေသောက်ပြီး နားနေတုန်း အသက်ကြီးကြီး လူကြီးတစ်ယောက် ကျွန်မဆီ တန်းတန်းမတ်မတ် လာနေတယ်။ ဒါကလဲ သူသွားမယ့် လမ်းနဲ့  ကျွန်မနားနေတဲ့ ခုံတမ်းက လမ်းတည့်နေလို့ နေမှာပါဆိုပြီး အမှတ်တမယ့်ဘဲပေါ့။

နောက်အဲဒီလူကြီးကလဲ ကျွန်မကို သေချာစူးစိုက်ကြည့်တယ်။ ကြည့်လေ ဘယ်လောက်ကြည့်မလဲ။ ကျောပိုးအိတ်
တို့ က ရင်ကိုမခုန်သေး။ (အသက်မတူလို့ နေမယ်) နောက်တော့ အဲဒီလူကြီးက ကျွန်မကို ဖုန်းရှိလားတဲ့။ ဖုန်းတစ်ခါလောက် ပေးဆက်ပါတဲ့။ သြော် ဖြစ်ရလေ ဖုန်းဆက်ချင်လို့ ကြည့်နေတာကိုး။ (တော်သေးတယ် စိတ်ထဲက မပစ်မှားမိတာ)

နောက်တော့ ကျွန်မဖုန်းပေးဆက်လိုက်တယ်။ကျွန်မက အထွန့် တတ်လိုက်သေးတယ်။ နိုင်ငံခြားဖုန်း မခေါ်နဲ့  နော်ဆိုတော့ ဖုန်းငှားဆက်တဲ့ အဲလူကြီးကပြောတယ်။ ငါဒီလောက် မမိုက်ပါဘူးတဲ့။ သူ့ အပြောအရ ပြောမိတဲ့ ကျွန်မကဘဲ မိုက်သယောင်ယောင်။ ခက်တယ်နော်။ ခေတ်လူငယ်တွေများ။ အဲလေ ခေတ်လူကြီးတွေများ။

နောက်တော့ သူဖုန်းဆက်ပြီး ကျွန်မကို ဖုန်းပြန်ပေးတယ်။ ဘယ်လောက်ကျလဲတဲ့။ ကျွန်မလဲ ရုတ်တရက် ကြောင်သွားတယ်။ အဲဒီလူကြီးက ဖုန်းဆက်တာဘယ်လောက်ကျလဲ ။ ကျသလောက် ငါပြန်ပေးမယ်တဲ့လေ။ (အောင်မာ ကျေးဇူး အတင်မခံချင်ဘူးပေါ့လေ။ ကြည့်တော့ ဆံပင်က တစ်ခေါင်းလုံးဖွေးနေပြီ ။ မာနက ထားချင်သေး) မာနဆိုတာ သက်ကြီးတာ ငယ်တာနဲ့ မဆိုင်ပါဘူးနော်။ အဟိ။ ပျားရည်နဲ့  ၀မ်းပြန်ချသွားတာ။

ကျွန်မက ရပါတယ် အဘရယ် ။ ပေးစရာမလိုပါဘူးဆိုတော့ ပြီးတာဘဲတဲ့။(မူတောင် မမူဘူး ချက်ချင်းတုန့်  ပြန်ချက်)

ကျွန်မလဲ ဆေးရုံရှေ့ က ခုံတန်းလေးမှာဘဲ ရေဆက်သောက်နေလိုက်တယ်။ နောက်တော့ ဖုန်းထပ်လာပြန်ရော။ ကြည့်လိုက်တော့လဲ ဖုန်းနံပါတ်က မသိပြန်ဘူး။ မထူးတော့ဘူးဆိုပြီး ကျွန်မ ဖုန်းကိုင်လိုက်တယ်။

ဟလို။
သမင်ဖြူလား။

ဘုရားရေ ။ သမင်ဖြူမဟုတ်ဘူး ခရုသင်းပါ။
ဟာ ကြောင်တောင်တောင်နဲ့  … ဟဲ့ ငါပါ။

ဘယ်ကငါလဲ။
အောင်မလေး ပဲကတတ်နေသေးတယ်။ ငါ့အသံတောင် နင်မမှိတ်မိဘူးလား။

ဘုရားရေ.. ကျွန်မမှာ နင်နဲ့ ငါလို့  ပြောနေကျသူငယ်ချင်း တော်တော်ရှားတယ်။
နင်ဘာဖြစ်နေတာလဲ… ကြောင်တောင်တောင်နဲ့ ။
(ဘယ်သူမှန်း မသိဘဲ အဲဒီလို သြဘာပေးခံလိုက်ရတယ်)

နောက်တော့ ကျွန်မလဲ စိတ်ရှုပ်လာတာလဲ

ဘယ်သူလဲ ကျွန်မ မသိဘူး။
လို့  ခပ်ဆပ်ဆပ် ပြန်ပြောလိုက်မှ

တစ်ဘက်ကလဲ အသံတစ်ချက်တိတ်သွားတယ်။

ခုပြောနေတာ သမင်ဖြူလား။
ကျွန်မမှာ သမင်ဖြူလဲ မရှိဘူး။ ခရုသင်းလဲ မရှိဘူးဆိုမှ တစ်ဘက်ကရယ်ပါလေရော။ ကျွန်တော်ပြောတာ သမင်ဖြူ မဟုတ်ဘူး ခရေဖြူတဲ့လေ။ မဟီဒေါတက္ကသိုလ်မှာ ကျောင်းတတ်နေတဲ့ ခရေဖြူတဲ့လေ။

သြော် ဖြစ်ရလေ။ ရာသီဥတုက ပူတယ်လေ။ ဒါကြောင့် နားကြားလွဲတာနေမယ် (အပြစ်မရှိတဲ့ ရာသီဥတုကို ဒုတိယ အကြိမ် တရားခံစာရင်းထဲ ဆွဲထည့်လိုက်တယ်။)

သူပြောတဲ့နာမည်က ခရေဖြူ။ ကျွန်မကြားတာ သမင်ဖြူ။ နီးတော့ နီးစပ်တယ်နော်။ နောက်တော့ ဖုန်းမှားနေကြောင်း ပြောပြီး ဖုန်းချလိုက်ရတယ်။
း)

ဟူးးးးးးးးးးးးးးးးးးးးးးးးးး
မောတယ်တယ်နော်။ ၁၀၁ကြိမ်မြောက် သက်ပျင်းချခြင်းနဲ့ အတူ

9 comments:

SHWE ZIN U said...

ညီမ ရေ

ဒီအချိန်က လက်ပံပွင့်ချိန် ခွေး အဲ ထွေးရူးချိန် တဲ့ သတိသာထား

စတာနော်
ရွှေစင်ဦး

rose of sharon said...

ဖြစ်ရမယ်... နေပူနေလို့နားကြားလွဲတာ မှတ်သားလောက်ပါပေတယ်

Flower said...

ဖတ်ပြီး ရယ်မိတယ်
ညီမရယ် စာရေးကောင်းရဲ့သားနဲ့
များများရေးပါဟယ်
နေပူလာရင် လူက ကယောင်ခြောက်ခြားဖြစ်တတ်တယ်
မှန်တာပေါ့...
နေမြင့်လေ အရူးရင့်လေ ဆိုတာတောင်ရှိသေးတာ
နေပူလွန်းလို့ ရေခဲတိုက်ထဲဝင်နေမလားတောင် စိတ်ကူးမိတယ်..း)း)

ဇောင်း said...

ရယ်စရာလိုလေးနဲ့ ရောထားတော့ ဖတ်လို့ပျော်၏ မသမင်ဖြူ အဲ့ယောင်လို့ ... :P

အထက်က ပြောသွားကြသလိုပဲဗျ နေမြင့်လို့ အရူးရင့်သွားလေသလားပေါ့နော် ... :P

ပျော်ရွှင်ပါစေ (နားကြားတော့လွဲစေနဲ့နော် :P )

ZaunG

မြစ်ကျိုးအင်း said...

စာဖတ်ပြီး ၁၀၂ ကြိမ်မြောက် သက်ပြင်းရော သက်ပျော့ရော ချသွားမိတယ်။

ဟယ်လို ... ခရုသင်းမှ သမင်ဖြူ ကြားလားးးးး ကြားရင် အကြောင်းပြန် ဒါပဲ....။
:))

လင်းကြယ်ဖြူ said...

ဖြစ်တတ်ပါတယ်..ဖြစ်တတ်ပါတယ်......း )

ပျော်ပါစေ...
*.*.*

what is good things said...

ဘာမှမဟုတ်တဲ့ အကြောင်းအရာလေးကလည်း စိတ်နောက်
နေသူတစ်ယောက်အတွက် ထွက်ပေါက်လေးပါ။ ပိုစ့်လေးကိုဖတ်ရင်း စိတ်လွတ်လက်လွတ်ရယ်သွားရပါ တယ်။ ကျေးဇူးပါ။
အဆင်ပြေပျော်ရွှင်ပါစေ။

မိုးစက်အိမ် said...

ထင်တော့ထင်သား ယင်ကောင်က ညစ်ပတ်တယ်
ခုတော့ စကားရောဖောရှောနဲ့  သမင်ဖြူ ခရုသင်း
မရှိပါဘူးဆိုပြီးငြင်းနေတယ် မငြင်းပါနဲ့ ဟ နင့်ကို
ကုပေးမဲ့သူ ရှိတာဘဲဟာ :)

Anonymous said...

ဖတ်ပြီးရယ်လိုက်ရတာဗျာ ။ အလည်လာပြီး စာဖတ်သွားတာ ပြုံးလိုက်ရလို့ တန်သွားပြီဗျ ။