ဒီနေ့  စားခဲ့တယ်

19:58 Posted by ကျောပိုးအိတ်




ဒီနေ့  ထမင်းအရမ်းစားကောင်းတယ်။ စားကောင်းတယ်ဆိုတာကလဲ ကျွန်မချက်တာ မဟုတ်လို့ လေ။ သူများတွေဘာချက်ကျွေးကျွေး အရမ်းစားကောင်းတယ်။ ပြီးတော့ မစားရတာကြာပြီဖြစ်တဲ့ ကြက်သားနဲ့  ဗူးသီး ကာလသားချက်လေးကြောင့် ထမင်းပိုမြိန်သွားတယ်။


တကယ်ပြောတာ။
မယုံရင် လက်ဆေးပြီး ထမင်းဝင်စားသွားကြည့်လိုက်နော်။ လျှာလည်သွားမယ်။ ကြည့်ရုံနဲ့ တင် သိသာတယ်။
အဟတ်။


ကြက်သားဗူးသီး ကာလသားချက်

ကြက်သားကြော်

ငါးသလဲထိုးဟင်း ( ဒီငါးသားပေါက်လေးတွေက တစ်ခါတစ်ရံမှ ရတတ်တယ်)

တို့ စရာ မုန့် ညှင်း နဲ့ သခွားသီး။

7 comments:

စန္ဒကူး said...

စားတယ်..အားရပါးရကိုစား...အဲ ငမ်းသွားတယ်..

သီဟသစ် said...

ကျောကျောရေ

တို့အိမ်လည်း ဟင်းလာပို့အုံးဟေ့
:)

ခင်မင်စွာဖြင့်
သီဟသစ်

Anonymous said...

ချစ်ဆုံးအိတ်လေး
နေကောင်းလားဟင်အိတ်လေး
ချားချင်တယ်တိလား
ခွံကျွေးပေါ့... နော်အိတ်လေး

ချစ်တဲ့
မြူးလေး

ကျောပိုးအိတ် said...

ချစ်ကူးရေ
တကယ်စားကောင်းတာသိလား။
း)

ယောက်ခမသစ်သစ်ရေ
ဒေါက်ဒေါက်ဒေါက်
ဟင်းလာပို့ တယ်ရှင့်
း)

ဟယ်
ချစ်ဆုံးမြူးလေး
အရမ်းကို သတိရနေတာ။
ဘာတွေလုပ်နေလဲ။
လွမ်းနေတာ။
မေးလ်အကောင့်ပေးဦးနော်။
ပြောစရာတွေရှိတယ်ရှင့်။
း)

မြစ်ကျိုးအင်း said...

ကြက်သားဘူးသီးဟင်း မြင်တော့ သူငယ်ချင်းတွေ ညသန်းခေါင် စုချက်စားကြတာ ပြန်သတိရသွားတယ် ။

ကြက်သားဘူးသီးနဲ့ တို့စရာ တကယ် စားချင်တယ်ဗျ အဟုတ်

rose of sharon said...

စားချင်တယ်...စားချင်တယ်....

Anonymous said...

တစ်ကယ့်ကို စားချင်စရာလေးဗျာ ... သူကတော့ စားခဲ့ရတော့ ပျော်နေမှာပေါ့ဗျာ ..လာလည်သူတွေကတော့ သရေကျသွားပါတယ်.. . :)