ကျွန်မနှင့်မြွေ

22:22 Posted by ကျောပိုးအိတ်

မှတ်မှတ်ရရ အဲဒိနေ့ က သင်္ကြန်အတတ်နေ့ ။ ကျွန်မဖေဖေ တာဝန်ကျနေတဲ့ နယ်မြို့ လေးမှာတော့ သင်္ကြန်ကို အချိန်တော်တော်ကြာ ကျင်းပတယ်။ ဥပမာ သင်္ကြန်မကျခင်မှာ ကလေးသင်္ကြန်ဆိုပြီး ( ကလေးနည်းနည်း လူကြီးများများ) ၃ရက်ကြိုပါတယ်။ သင်္ကြန်ပြီးတော့လဲ တောသင်္ကြန်ဆိုပြီး နောက်ထပ် ၃ရက်ဆက်ပါတယ်။
ဒါတောင်ရေတွင်းထဲကရေကိုခပ်ပြီးပက်ရလို့ ။ မဟုတ်ရင်တော့
;(

ဖေနဲ့ မေကတော့ တာဝန်အရ မဏ္ဍပ်ကို နေ့ တိုင်းသွားရတယ်။ ကျွန်မကတော့ အိမ်မှာနှပ်ရင်းအိမ်စောင့် နေခဲ့တယ်။

အတတ်နေ့ ရောက်တော့ တိုင်းမင်းကြီးကပြောတယ်။ ဘယ်လိုလဲ ရဲမှုး သမီးအငယ်ဆုံးလေးကို အိမ်ထဲမှာဘဲ ဖွက်ထားရလား။ ခေါ်ထုတ်လေတဲ့ ။ နောက်တော့ ဖေက ကျွန်မဆီ ဖုန်းခေါ်ပြီး မီးလေးရေ တိုင်းမင်းကြီးက လာရမယ်ပြောတယ်။ ခု အိမ်ကို ကားပြန်လွှတ်လိုက်တယ်။ မီးလေး မဏ္ဍပ်လိုက်ခဲ့ရမယ်လို့ ပြောလာပါတယ်။

သြော် ကျွန်မအိမ်မှာ အေးဆေးနေတာ မကြည့်ရက်ဘူးထင်ပါ့။ နောက်တော့ လာကြိုတဲ့ ကားနဲ့ ကျွန်မလဲ ကိုးလို့ 
ကန့် လန် နဲ့ ပါလာတယ်။ အတတ်နေ့ ဆိုတော့ မဏ္ဍပ်ပိတ်ပွဲလဲရှိနေသေး တော်တော်မိုးချုပ်မှပြီးမှာ။

တစ်မနက်လုံးရေစိုနေတာကြောင့် ညနေအေးမှာ ကျွန်မက အရမ်းချမ်းနေပြီ။ မေ့ ကို တိုးတိုးလေး အနားကပ်ပြီး မေပြန်လို့  မရဘူးလား။ အရမ်းချမ်းနေပြီဆိုတော့ မေကပြန်လေ အိမ်ရောက်ရင်နွေးနွေးထွေးထွေးနေဆိုပြီးတော့ ကျွန်မကို အိမ်ပြန်ခိုင်းပါတယ်။

ကျွန်မလဲအိမ်ရောက်တော့ နောက်ဖေးမီးဖိုဆောင်ဘက်ဝင်ပြီး မီးသွေးယူ ရေနွေးတည်မယ်ပေါ့။ မီးသွေးအိတ် ပေါ်ကို လက်တင်လိုက်တော့ အေးစက်စက်ကြီး။ ဘာကြီးလဲမသိဘူးဆိုပြီး စဉ်းစားလိုက်ရတာ။ ကြောင်ချေးလား။ မဖြစ်နိုင်ပါဘူး။ ဘာကြီးလဲမသိဘူးဆိုပြီး အဲဒိ အေးစက်စက်ကြီးကို ညှစ်ကြည့်လိုက်တော့ အား………………… မြွေ မြွေ။ ကျွန်မကိုခေါင်းထောင်ကြည့်နေတယ်။ ဘာရမလဲ သိတယ်ဟုတ် နောက်ကျတဲ့ ခြေထောက် သစ္စာဖောက်ဘဲ ပြေးလိုက်တာ တန်းနေရော။

ကျွန်မတို့ နေတဲ့ အိမ်နဲ့  လူပျိုဘားတိုက်က နည်းနည်းလေးဝေးတယ်။ လူပျိုဘားတိုက်ကိုသွားပြီး ဘယ်သူရှိလဲ ဘယ်သူရှိလဲ အိမ်ထဲမှာ မြွေမြွေဆိုတော့ ကိုလူပျိုတစ်သိုက် တုတ်ဆွဲ ဓါးဆွဲနဲ့ ပြေးလာကြပါရော။ နောက် သူတို့  သတ်လိုက်ကြတယ်။

ညရောက်တော့ ဟိုတွေးဒီတွေးနဲ့  ညနေက သတ်လိုက်တဲ့ မြွေကိုပြန်စဉ်းစားမိတယ်။ မြွေက ငါ့ကို ကျေနပ်ပါ့ မလား။ ငါ့ကြောင့် သူသေတာဆိုပြီး သရဲလာ ခြောက်ရင်သေပြီ လို့ တွေးမိပြီး ဖေနဲ့ မေကြားထဲမှာ အဲဒိညက ၀င်အိပ်လိုက်တယ်။ အဲ့ဂလောက်သတ္တိရှိတာ။

၂လလောက်ကြာတော့ ကျွန်မ ရေချိုးမယ်ဆိုပြီး ရေချိုးခန်းထဲ ၀င်လာတယ်။ ပြီးတော့ သီချင်းလေး တအေးအေး
နဲ့  အိမ်နောက်ဖေး ခြံထဲမှာ သီးနေတဲ့ ငှက်ပျောခိုင်ကိုငေးပြီး တံခါးကိုဖွင့်လိုက်တော့ ဘုတ်တဲ့ ။ ပုခုံးပေါ် ဘာလဲမသိဘူး ပြုတ်ကျလာတယ်။

ကျွန်မက ဘာပြုတ်ကျတာလဲမသိဘူးဆိုပြီး ငုံ့ ကြည့်လိုက်တော့ မြွေဖြစ်နေရော။ ဆိုနေတဲ့ သီချင်းတောင် ဘယ်ရောက်သွားမှန်းမသိဘူး။ အာခေါင်ခြစ်ပြီး အော်လိုက်တယ်။ မေကပြေးလာပြီး မကြောက်နဲ့ မကြောက်နဲ့  ဆိုပြီး မေတ္တာပို့ တယ်။

ပရိတ်ကြီး ၁၁ သုတ်ထဲက ခန္ဓာသုတ်ရွတ်တော့ အမောင်မြွေက လျှောကနဲ ထွက်သွားတယ်။ ဒီတော့မှ ကျွန်မလဲ စိတ်အေးရတော့တယ်။

နောက်တစ်ခါက ကျွန်မအိပ်ခါနီးပါ။ အိပ်ကာနီး စာဖတ်တတ်တဲ့အကျင့်က ရှိနေတော့ စာဖတ်လိုက်တာ တော်တော်ညဥ့်နက်သွားတယ်။ မေကစောစောအိပ်နော်လို့ လာလာပြောတာ ၁၀ကြိမ်ထက်မနည်းတော့ဘူး။ မျက်လုံးညောင်းလာပြီး နာရီကြည့်လိုက်တော့ မနက် ၂း၀၀ တောင် ထိုးတော့မယ်။ တစ်အိမ်လုံးအိပ်ကုန်ပြီ။ ကျွန်မလဲ ခြင်ထောင်ကို ထပြီးချရမှာ ပျင်းလေတော့ အိပ်ရင်းနဲ့ ဘဲ မိန်းကလေးပီသစွာ အောက်ကနေ ခြင်ထောင်အမိုးကို ကန်ချလိုက်တယ်း)။

ကြားလိုက်ရတာက ဘုတ်တဲ့။ လာပြန်ပြီ ဒီဘုတ်ဆိုတဲ့အသံ။ သေချာတယ် ဒါမြွေပြုတ်ကျတဲ့ အသံဘဲ။ မေတို့  ကိုလဲ မနှိုးတော့ဘဲ မျက်စိကိုစုံမှိတ်ပြီး မေရွတ်သလို မေတ္တာပို့  လိုက်တယ်။ ရွတ်နေတုန်း ကုတင်အောက် ခိုးကြည့်လိုက်တော့ အောင်မာ မြွေကလဲကျွန်မကို ကြည့်နေတယ်။ ဘုရားဘုရား ငါမေတ္တာ ပို့  တာမစွမ်းလို့ လား။ ခုထိမသွားသေးဘူး။ နောက်ဆုံးမေတ္တာပို့ တာကို မြွေကဘဲ နားမလည်တာလား ။ ဘာလားတော့ မသိတော့ဘူး။ မသွားဘူးရှင်။ ပေတေပြီးကျွန်မ ကုတင်အောက်မှာ ခွေနေတယ်။

အင်း …… ငါကောင်းကောင်းပြောနေတယ်နော် ။ ခေါင်းမာနေတယ်ဟုတ်လား ။ ဒီတော့လဲ ရတယ် ရတယ် နင်ကငါမေတ္တာပို့ တာ မရဘူးဟုတ်လား။ အေးတွေ့ မယ်။ နင့်ကိုငါချက်စားမယ်။ ပါးပါးလှီးမယ်။ တုတ်ထိုးလို အချဉ်ရေ စပ်စပ်နဲ့ စားပြစ်မယ်။ ဘာမှတ်လဲ။ ဘာညာဆိုပြီး ရွတ်လိုက်တယ်။

အဟား………………. ကျွန်မရွတ်လိုက်တာကို မြွေကနားလည်သွားလားမသိဘူး။ လျှောကနဲ့ ပြန်ထွက်သွားတယ်။
ကျွန်မလဲ ဒီတော့မှ စိတ်ချလက်ချအိပ်ရတော့တာ မနက် ၉း၀၀ နာရီထိုး မေလာနှိုးမှ နိုးတော့တယ်…….

9 comments:

သူကြီးမင်း (တုံးဖလား) said...

မဟုတ်မှလွဲရော...
ကျောက်ခဲလေးဘ၀ဆုံးရှာပြီဆိုတဲ့ ကြာနီကန်တရားလို ဖြစ်နေမလားမသိဘူး။ အတိတ်က အရိပ်တွေလေ။းဝ)

ဘယ်လိုဘဲဖြစ်ဖြစ် အိမ်မှာ မြွေကိုမြင်ရတာ လာဘ်ကောင်းတယ်တဲ့။ နောက်တစ်ခါ ထပ်တွေ့ရင် ထီးထိုးလိုက်။ ပေါက်ချင်ပေါက်နေမှာ။

ခင်မင်လျက်
ကိုကိုမောင်(ပန်းရနံ့)

ချော(အစိမ်းရောင်လွင်ပြင်) said...

အမလေး ကိုယ့်ကုတင်အောက်မှာသာ မြွေတစ်ကောင်ရှိနေမှန်းသိရင် ခုလိုသွေးအေးနိုင်မယ်မထင်ဘူး
ဘယ်လိုနေမယ်တော့ မပြောတတ်ဘူး တော်တော်နေရဆိုးမယ်ထင်တယ်..
မြွေတော့ အသေကြောက်

Shinlay said...

အသံကြားရုံနဲ့ ကြောက်တယ်။

နေ၀သန် said...

ဟိ.. ပျော့စိစိကြီးလား..မိုက်တယ်..မြွေကို ကိုင်ဖူးသွားတာပေါ့.. ဒါနဲ့ လူပျိုဘားတိုက်ဆိုလို့ ကျောပိုးအိတ်က စစ်တပ်ထဲမှာ နေခဲ့တာလား... အဲဒုန်းက...


ခင်မင်တဲ့
နေ၀သန်

ဆောင်း said...

မြွေမြင်တာ ငွေရွှင်တာ လို့ ပြောကြတာဘဲ

မြစ်ကျိုးအင်း said...

မြွေတော့ အသံကြားတာနဲ့တင် အူယားတယ်။
အခန်းထဲမှာ တွေ့လို့ကတော့ တပါတ်လောက် ပြန်ဝင်ရဲမယ်တောင် မထင်ဘူး။

ရွှေပြည်သူ (ShwePyiThu) said...

အသည်းယားစရာ အတွေ့အကြုံလေးကို အသည်းတယားယား ဖတ်သွားတယ် ညီမလေးရေ။ လူတိုင်းမှာ ကြောက်တတ်တာ တစ်ခုတော့ ရှိစမြဲပဲနော်...

လောင်စာ said...

ဆိပ်မရှိတဲ့ မြွေကလေးတွေဆိုရင် အိမ်မှာမွေးထားလေ့ရှိတယ်...။ ကြွက်အန္တရယ်ကင်းတယ်...။ မြွေက ချစ်စရာသတ္တဝါပါ..။

FONTY said...

hello my friend! warm greeting ^^!
your blog looks nice 0_0

by the way,
if you need to find unique fonts, you can go to our website.

best regards;