သတိရမိသည် ကမ်းခြေဆီ

06:43 Posted by ကျောပိုးအိတ်

ပင်လယ်လှိုင်းတွေက ကျွန်မရဲ့  ခြေဖ၀ါးမှာ လာနားလိုက် ပြန်ထွက်သွားလိုက်နဲ့  အလုပ်ရှုပ်နေသလို သန့် ရှင်း လတ်ဆပ်သော လေနုအေးလေးတွေကလဲ ရှည်လျှားလှတဲ့ ကျွန်မရဲ့  ဆံနွယ်တွေကို မြူးတူးတိုးခွေ့ လို့ ။

ကျွန်မရပ်နေတာကတော့ ပင်လယ်ကမ်းစပ်တစ်ခုမှာပေါ့။ ဟိုး……………… အဆုံးအစ မရှိတဲ့ ပင်လယ်ပြင်ကြီးနဲ့  ပတ်ပတ်လည် ကာရံထားတဲ့ ပြာလွင်တဲ့ တောင်တန်းကြီးတွေကို ငေးကောင်းကောင်းနဲ့  ငေးနေမိပါတယ်။

ကျွန်မငေးနေတာ ဘယ်လောက်ကြာသွားလဲဆိုတာ မသိပါဘူး။ ကျွန်မရဲ့ နောက်ကျောကို အရှိန်ပြင်းပြင်းနဲ့  ၀င်တိုက်လိုက်မှ ကျွန်မသတိပြန်ဝင်လာခဲ့တယ်။မထင်မှတ်ဘဲ ၀င်တိုက်ခံလိုက်ရလို့  အရှိန်မထိန်းနိုင်ဘဲ သဲသောင်ပြင်ပေါ် ကျွန်မဖင်ထိုင်ရက် ပြုတ်ကျသွားတယ်။

စိတ်ထဲမှာ အရမ်းလဲရှက်သွားတယ်။ ပြီးတော့ ဒေါသလဲ အရမ်းထွက်သွားတယ်။ ကြည့်စမ်း ဘယ်လောက်ရမ်းကားမှုလဲ။ အေးအေးဆေးဆေး ဘယ်သူ့ ကိုမှ မနှောင့်ယှက်ဘဲ နေနေတာတောင် မလွတ်ဘူး။

“ကျွန်တော်တောင်းပန်ပါတယ်ဗျာ။ ဘယ်များနာသွားသေးလဲ။”
“ရတယ်ရတယ် ။ ဘာမှမဖြစ်ဘူး။”
“ကျွန်တော်လဲ သူငယ်ချင်းတွေနဲ့  ကမ်းခြေကိုဘယ်သူအရင်ရောက်မလဲလို့ အပြေးပြိုင်ခဲ့တာ ။ မထင်မှတ်ဘဲ အရှိန်ထိန်းမရလို့ ”

ကျွန်မလဲထူပူနေတာနဲ့  ဘာတွေပြောခဲ့မိမှန်း မသိတော့ပါဘူး။ ကမ်းခြေမှာ ပျော်ပွဲစားထွက်လာတဲ့ သူငယ်ချင်းတွေဆီလဲ ဘယ်လိုရောက်လာမှန်းမသိတော့ပါ။

နောက်မှသိရတာ သူကကျွန်မတို့ ပျော်ပွဲစား ထွက်လာတဲ့အုပ်စုထဲကဘဲတဲ့။ ဒီလောက်ပတ်ဝန်းကျင်ကို စိတ်ဝင် စားတဲ့ကျွန်မအဖြစ် ။

သူငယ်ချင်းတွေမိတ်ဆက်ပေးအရ သူဟာဒီမြို့ လေးရဲ့ တင်းနစ် လက်ရွေးစင်တဲ့။ဖြူစင်တဲ့ အသားအရည် ၊ ဖော်ရွေတဲ့အပြုံးများ ၊ နူးညံ့တဲ့ မျက်ဝန်းများ ၊ ချောမောတဲ့ သူ့ ရုပ်သွင်တွေကြားမှာ ကျွန်မအသက်ရှုဘို့  တောင် မေ့နေတယ်။

ပျော်ရွှင်စရာ ကမ်းခြေနေ့ လေးကို ဘယ်တော့မှ မေ့တော့မှာ မဟုတ်တော့ပါဘူး။

ဒီလိုနဲ့ နောက်နေ့ တွေမှာ ကျွန်မအလုပ်တစ်ခုပိုလာပါတယ်။ ညနေတိုင်း ဖေဖေ့ရုံးကိုသွားလည်ဘို့ ပါ။ သူတင်းနစ် ရိုက်တာ ဖေဖေရုံးခန်းနဲ့ ဆို မျက်နှာချင်းဆိုင် ဖြစ်နေတယ်။ ညနေဆို ယောင်ပေပေနဲ့  ကျွန်မ ရောက်ရောက် သွားတယ်။

သူကလဲ ကျွန်မလာတတ်တဲ့အချိန်တွေကို မျှော်မျှော်နေတတ်တယ်။ ကျွန်မလာပြီဆိုတာနဲ့ သူ့  ကစားကွက်တွေ က ပိုပြီးအသက်ဝင်လာတယ်။ သူ့ သူငယ်ချင်းတွေနဲ့ လဲ ကျွန်မကိုမိတ်ဆက်ပေးတယ်။

ဒီလိုနဲ့ ရက်ကိုလစား ၊ လကိုနှစ်စားနဲ့  သူနဲ့ ကျွန်မရဲ့ ခင်မင်မှုဟာ အရမ်းကိုခိုင်မြဲနေခဲ့တယ်။ သူ မပါဘဲ ကျွန်မ ဘယ်မှမသွားတတ်တော့သလို သူကလဲဘယ်သွားသွား ကျွန်မ မပါဘဲ မသွားတတ် မလာတတ်ဖြစ်နေတယ်။

မနက်စောစော အေးလွန်းလှတဲ့ ဆောင်းရနံ့ နဲ့  ကျန်းမာရေးလမ်းတစ်လျှောက် အတူတူ အားကစားလုပ်ခဲ့ တာ တွေ။ နေ့ လည်ဘက် ပူနွေးလှတဲ့နွေရာသီမှာ အုန်းရည်ဆိုင်တူတူ ထိုင်ခဲ့တာတွေ။မိုးရာသီ ကမ်းနားလမ်းက ပင်လယ်စာဆိုင်မှာ ကျောက်ပုဇွန်မီးကင်တူတူစားခဲ့တာတွေ။

ဘယ်တော့မှမေ့မရတဲ့ သာယာသော အမှတ်တရနေ့ လေးတွေပါ။

ကျည်းမြောင်းလှတဲ့ ဒီမြို့ လေးမှာ သူတို့ က မြို့ ရဲ့ မျက်နှာဖုံး စာရင်းထဲမှာ ထိပ်ဆုံးမှ နေရာယူထားသလို ကျွန်မကလဲ အရာရှိကြီးသမီးဖြစ်နေတာကြောင့် မြို့ ကလူတွေ ပါးစပ်ဖျားမှာ ရေပန်းစားနေခဲ့ပါတယ်။ဒါပေမယ့် အများထင်သလို မဟုတ်ဘဲ သူနဲ့ ကျွန်မ ခုထိ ဖြူစင်နေဆဲပါ။

တစ်နေ့ သူကျွန်မဆီ ဖုန်းဆက်လာတယ်။ အရေးတကြီးတွေ့ ချင်တယ်။ ညနေကျရင် လေဆိပ်လမ်းက စောင့်နေပါတဲ့။ ကျွန်မကလဲ ပြောစရာရှိတာနဲ့ အတော်ဘဲ။ တွေ့ မယ်လေလို့  ပြန်ပြောလိုက်တယ်။

ဒီလိုနဲ့  ညနေစောင်းတာနဲ့  ကျွန်မလေဆိပ်လမ်းကို လာခဲ့တော့ သူကအရင်ရောက်နေတယ်လေ။

“လမင်း ပြောစရာရှိတာဘာလဲ။”
“အင်းပြောမယ်။ ဒါပေမယ့် သက်လွင်အရင်ပြော။”

လမင်းအရင်ပြော သက်လွင်အရင်ပြောနဲ့ တော်တော်နဲ့ လိုရင်းကိုမရောက်တော့ဘူး။ ထုံးစံအတိုင်း အရာရာမှာ အလျှော့ပေးတတ်တဲ့ (အထူးသဖြင့် ကျွန်မပေါ်မှာ) သူကဘဲစတင်ပြီး အလျှော့ပေးခဲ့ပါတယ်။

“ဒီစကားလေးကိုသေချာနားထောင်ပေးပါ။ ကျွန်တော် လမင်းကို အရမ်းချစ်ပါတယ်။ ကျွန်တော့ချစ်ခဲ့တာခုမှမဟုတ်ပါဘူး။ လမင်း ဒီမြို့ ကို စရောက်တဲ့နေ့ ကတည်းက ကျွန်တော် ခင်မင်ခွင့်ရချင်နေခဲ့တာ။ ပြီးတော့ လမင်းနဲ့ တွေ့ ရအောင် ကမ်းခြေ ပျော်ပွဲစားလေးကို ကျွန်တော်စီမံခဲ့တာ။ ”

“အဲဒိကမ်းခြေမှာလဲ လမင်းသတိထားမိလောက်အောင် ကျွန်တော် တမင်သက်သက် ၀င်တိုက်ခဲ့တာ။ လမင်းကို အရမ်းချစ်တယ်ဗျာလို့  ဆိုတဲ့ ဒီစကားကိုပြောချင်ခဲ့တာ ကြာလှပြီ။ ဒါပေမယ့်မပြောရဲဘူး။ လမင်းနဲ့  ခင်မင်ခွင့်လေး ပျောက်သွားမှာဆိုးလို့ ။ ခုတော့ ဘယ်လိုမှမနေနိုင်တော့လို့  ကျွန်တော်ဖွင့်ပြောတာ။ လမင်းကျွန်တော့်ကို စိတ်ဆိုးလား။ ကျေးဇူးပြုပြီး တစ်ခုခု ပြန်ပြောပေးပါဗျာ။”

“ဒီစကားကို ဟိုးတုန်းကသာ ပြောခဲ့မယ်ဆို အရမ်းပျော်ဘို့ ကောင်းမှာဘဲနော်။ ဒါပေမယ့်ကိုသက်လွင် တကယ့်ကို နောက်ကျသွားပါပြီရှင်။ ကျွန်မတို့ မနက်ဖြန်ဆို အခြားနေရာကို ပြောင်းရတော့မယ်။ မြန်မာပြည်အထက်ပိုင်းကို။ ပြောင်းမိန့် ကျတာ ကြာပါပြီ။ ဖေဖေ အလုပ်များနေတာနဲ့ ချက်ခြင်းမပြောင်းဖြစ်တာ။ ခုတော့ ကျွန်မ ကိုသက်လွင်ကို လာနှုတ်ဆက်တာ။ ကျွန်မလေ ကျွန်မ………………”

နောက်နေ့ မနက် ၁၀နာရီမှာ ကျွန်မတို့ မိသားစု အဲဒိချစ်စရာကောင်းတဲ့ တောင်တန်းတွေပေါများလှတဲ့ ရေတံခွန်တွေပေါများ လှတဲ့ မြို့ လေး ကို နှုတ်ဆက်ခဲ့ပါတယ်။ လေယာဉ်ကွင်းထဲရောက်တော့လဲ ဖေဖေကိုလာရောက်နှုတ်ဆက်ကြတဲ့ အရာရှိကြီးငယ်တွေ ကြားထဲမှာ ထိုင်နေရင်း ဒီမြို့ လေးရယ် အထူးသဖြင့် ကိုသက်လွင်ရယ် အဲဒါတွေကို စိတ်ထဲကနေ နှုတ်ဆက်နေမိတယ်။

လေယာဉ်ဆီသွားဘို့  အပြင်ကိုရောက်တယ်ဆိုရင်ဘဲ ကျွန်မရဲ့ စိတ်ထဲမှာ ထင့်ကနဲဖြစ်သွားတာကြောင့် နောက်လှည့်ကြည့်မိတော့

အိုး………………..ဘုရားရေ ကိုသက်လွင် ။ကျွန်မက မလာတော့ဘူးထင်နေတာ။ ကျွန်မခြေစုံရပ်ပြီး သူ့ ကို ငေးကြည့်မိနေတယ်။ နောင်ဘယ်တော့များမှ ပြန်ဆုံတွေ့ မှာလဲ။ သူကလဲ ကျွန်မကို မျက်တောင် မခတ်တမ်း ကြည့်နေပါတယ်။ ကျွန်မသူ့ မျက်ဝန်းကိုကြည့်လိုက်တော့ သူ့ မျက်ဝန်းတွေက မျက်ရည်ကြောင့် ထင်ပါရဲ့  ။ စိုလက်နေပါတယ်။

ကျွန်မ ကိုသက်လွင်ကို ငေးနေတာ ဘယ်လောက်ကြာသွားလဲ မသိဘူး။ လေယာဉ်မယ်လေးမှ လာရောက်ခေါ်ယူတာကြောင့် ကျွန်မနောက်ဆုံးအကြိမ် ကြည့်ပြီးလက်ပြနှုတ်ဆက်ကာ လေယာဉ်ဆီကို ပြေးလာခဲ့မိတယ်။

လေယာဉ်ပေါ်ရောက်တော့ ကျွန်မ ကိုသက်လွင်ရှိမယ့် နေရာကို မှန်းပြီးကြည့်လိုက်တော့ ကိုသက်လွင်က ကျွန်မကို မမြင်ရပေမယ့် မြင်ရသူ အလား ကျောက်ရုပ်တစ်ရုပ်လို ငြိမ်ပြီး ကြည့်နေတယ်။ မေကဘာမှမပြောဘဲ ကျွန်မခေါင်းကို လက်နဲ့  ပုတ်ပေးတယ်။ ကျွန်မတို့ စီးမယ့်လေယာဉ်ကြီး စတင်ထွက်ခွာနေပေမယ့် ကိုသက်လွင်ကတော့ နေရာကနေ မရွှေ့ ဘဲ ကျွန်မတို့ လေယာဉ်ကြီးကို ကြည့်နေတယ်။

ဒီလိုနဲ့ လေယာဉ်ကြီးက ဟိုးကောင်းကင်ဖြူဖြူကြီးဆီကို အရှိန်နဲ့ ထိုးတတ်သွားပြီ။ ကျွန်မချစ်တဲ့ဒီမြို့ လေးနဲ့  ကိုသက်လွင်ကလဲ ဟိုးအဝေးမှာ မှုန်ပြပြ။

9 comments:

သူကြီးမင်း (တုံးဖလား) said...

တွေ့လိုက် ကြုံလိုက် ကွဲလိုက် လွဲလိုက် ပြန်တွေ့လိုက် ပြန်ပျောက်လိုက်နဲ့ လောကကြီးက ကျီးစားလွန်းအားကြီးတယ်။ ၀မ်းနည်းစရာကြီး။

ဒါနဲ့..
နောက်ကနေ ကျောကို အရှိန်ပြင်းပြင်းနဲ့အတိုက်ခံရတဲ့အခါမှာ ဖင်ထိုင်ရက်သားပြုတ်ကျမလား၊ မှောက်ရက်လဲကျမလားဆိုတဲ့ အတွေးလေးတော့ ပွါးသွားတယ်။းဝ)

ပျော်ရွှင်ကြည်နူးနိုင်ပါစေ။

နေ၀သန် said...

ဇာတ်လမ်းလေးကိုဖတ်ပြီး ကြေကွဲမလို့လုပ်တုန်း အဲဒီ သူကြီးကိုကိုမောင်ဟာဖြင့် ၀င်ပြီး အရွှန်းဖောက်လိုက်တာ ၀ါးလုံးကွဲရယ်မောမိတယ်.....တိုက်တာက နောက်ကျောကပေါ့.. လဲသွားတာက ကိုယ်တပတ်လည်ပြိး ဖင်ထိုင်ကျသွားတယ်.. ဒါများ အဲလိုဖြည့်တွေးသူကြီးရေ... ဟီးဟီး


ခင်မင်တဲ့
နေ၀သန်

ချော(အစိမ်းရောင်လွင်ပြင်) said...

ပျောက်နေပါတယ်အောက်မေ့တာ ကမ်းခြေရောက်နေတာကိုး
ကိုသက်လွင်ကြီးကို ဒီတိုင်းပစ်ထားခဲ့တယ်ပေါ့
သနားစရာ...
နောက်တစ်ချိန် ကမ်းခြေကိုပြန်ရောက်ရင် စောင့်နေတဲ့ကိုသက်လွင်နဲ့ ပြန်ဆုံပါလိမ့်မယ်..

ကျောပိုးအိတ် said...

ဟုတ်ကဲ့ကိုကိုမောင်ရေ ... ကိုနေ၀သန်ပြောသလို ဖြည့်ပေးပါနော် .. အရှိန်နဲ့ ဆိုတော့ လူက ယိုင်ထိုးပြီး တစ်ပတ်လည်သွားတာလို့ .......
နော်
း)
း)

အမချောရေ
တာမီးရှိတယ် အမရ ... စာရေးဘို့ ပျင်းနေတာလေ .. ခုပို့ စ်လေးက ၂၀၀၁ လောက်တုန်းက ပုံပြင်လေးပါ.. ဟီးးးးးးးး
း)
း)

သူကြီးမင်း (တုံးဖလား) said...

အော်.... ဂလိုလား။
နေ၀သန်ကော ကျောပိုးအိတ်ကော ရွှေဥာဏ်တော် စူးရောက်လှပါပေတယ်။ ဟာ ဟးဝ)

မြစ်ကျိုးအင်း said...

ဒီခေတ်မှာ ပြန်ဆုံဖို့ခက်တယ်ဆိုတာ ရှားပါတယ်
တွေ့ချင်စိတ်နဲ့ ကျိုးစားအားထုတ်မှုသာ ရှိခဲ့ရင်ပေါ့။
တခါတလေတော့လည်း နီးနီးလေးနဲ့ ဝေးနေတာလည်း ရှိရဲ့....။
(ခုတောင် ပြန်ဆုံနေလို့ ဒီပို့စ်ရေးဖို့ သတိရတာနဲ့ တူတယ်)

ကျောပိုးအိတ် said...

ပြန်မဆုံသေးပါဘူး အကို မြစ်ကျိုးအင်းရ
း)

သူက သူ့ မြို့ လေးမှာဘဲ ရှိနေတယ်တဲ့
တာမီးက မြန်မာပြည်ရဲ့ ပြည်ပမှာ။
း)

၂၀၀၁ ထဲက ကွဲသွားတာ ခုချိန်ထိပါဘဲ။ စာအဆက်သွယ်လဲ မရှိပါဘူး။ ဘာဆိုဘာမှ အဆက်သွယ်ရှိဘူး။
း)

သံလွင် HeRo said...

ကိုသက်လွင်ကအခုထိ လူပျိုကြီးပဲဗျ....
နောက်ကြုံရင်ကျနော်ပြောပေးမယ်လေ....
အောင်သွယ်ခပေးရမယ်နော်.....း)

ကျောပိုးအိတ် said...

အိုးးးးးးးးးးး

မြို့ နာမည်တောင်မထည့်ဘဲ ရေးထားတာ သိသွားပြီ .. ဟီးးးးးးးးးးးးး

ဟုတ်သားဘဲ .. သံလွင်ဟီးရိုးနဲ့ ကိုသက်လွင်က တစ်မြို့ ထဲသားကိုး ...
း)

ကိုသက်လွင်က အိမ်ထောင်မကျသေးဘူးပေါ့လေ .. ကျွန်မက အိမ်ထောင်ကျသွားပြီထင်နေတာ ..
း)