ကျွန်မမွေးနေ့ 

18:56 Posted by ကျောပိုးအိတ်

ဒီနေ့ က ကျွန်မရဲ့  မွေးနေ့ ပါ။ တဖြည်းဖြည်းနဲ့  အသက်က တော်တော်လေးကြီးလာပြီ ။ တည်ငြိမ်ပြီလား ဆိုတော့လဲ မတည်ငြိမ်သေးဘူး။ ခုချိန်ထိ ဆိုးကောင်းတုန်း ၊ ကလေးလုပ်ကောင်းတုန်း ။

စိတ်ပျိုကိုယ်နုတယ်ထင်ပါ့ရဲ့  ။ ရှိရင်းစွဲအသက်ထက် အများကြီး ပိုငယ်နေသလိုဘဲ (အဟီးးးးးးးးးး … အဲဒါ ဘူမှ ပြောတာ အဟုတ်ဘူး။ ကိုယ့်ဘာသာကိုယ်ပြောတာ)

ဒီနေ့ မနက်စောစောထတယ်။ ပုံမှန်ဆို ကျွန်မစောစောထလေ့မရှိပါဘူး။ ဒါပေမယ့် မွေးနေ့ ဆိုတော့ ထူးထူခြားခြား စောစောထလိုက်တယ်။ ဘုရားကိုသေချာရှိခိုးပြီး ကိုယ်လိုချင်တဲ့ဆုတွေကို အများကြီး တောင်းခဲ့မိ ပါတယ်။

ဒီနေ့ တော့ ကျွန်မခွင့်ယူထားလိုက်တယ်။ ပုံမှန်အားဖြင့် ကျွန်မမှာ မွေးရာပါ အယူသီးမှုတစ်ခုက အမြဲစိုးမိုးနေခဲ့တာ။ မွေးနေ့ မှာ စိတ်အနှောင့်အယှက် ဖြစ်စရာများကို ကျွန်မ အတတ်နိုင်ဆုံးရှောင်ပါတယ်။ စိတ်အနှောင့်ယှက် တစ်ခုခုဖြစ်လာပြီဆို တစ်နှစ်လုံး ကံမကောင်းဘူးလို့ လဲ ကျွန်မ ယူဆတတ်ပါတယ်။

ကျွန်မမွေးနေ့ အတွက် အလှူတစ်ခု လုပ်ဘို့ ရာ မွေးနေ့ မတိုင်ခင်ထဲက ကြိုတင် စီမံထားတယ်။ သူငယ်ချင်း ၂ယောက်လောက်နဲ့  တိုးတိုးတိတ်တိတ် တိုင်ပင်ထားမိတယ်။

အဲဒီအလှူက ဘာလဲဆိုတော့
ကျွန်မရောက်ရှိနေတဲ့ မြို့ လေးမှာ ခွေးတွေ တော်တော်ပေါပါတယ်။ ဘယ်နေရာကြည့်ကြည့် ခွေးတွေ အများကြီး ဘဲ။ ဘယ်လောက်ထိတောင် ခွေးရူးသွပ်တဲ့ မြို့ လဲဆိုတော့ ကျွန်မတို့ ရုံးမှာဆို ရုံးက၀န်ထမ်း တစ်ချို့  က ရုံးတတ်တာတောင် ခွေးလေးတွေ ခေါ်ခေါ်လာတတ်ကြတယ်။ ရုံးမှာက ခွေးရှောင်ရ လူရှောင်ရနဲ့ တစ်နေ့ 
တစ်နေ့  ဘာတွေမှန်းလဲ မသိတော့ပါဘူး။

ဒီနေ့ မှာတော့ ချိန်းထားတဲ့ အတိုင်း အကောင်ထည်ဖော်ဘို့ ရာ ကျွန်မနဲ့  သူငယ်ချင်း၂ယောက် တိရိစ္ဆာန် အစားအစာ ရောင်းတဲ့ဆိုင်လေးမှာ အစားအစာ တွေကို ၀ယ်ပြီး သတ်မှတ်နေရာကို ရောက်လာကြတယ်။ ကျွန်မတို့ သွားခဲ့တဲ့ နေရာကတော့ ခွေးတွေ တော်တော်များများ ရှိတဲ့ နေရာလေးတစ်နေရာကိုပါ။

ပထမတော့ ခွေးတွေက သူစိမ်းဝင်လာတာနဲ့  ထုံးစံအတိုင်း ဟောင်တာမှ ဆူညံနေရောဘဲ။နောက်တော့ သူတို့  ကိုရန်မူတဲ့သူတွေမဟုတ်မှန်းသိတာကြောင့် အချို့ က ငြိမ်သွားကြတယ်။ နောက်တော့ အကုန်လုံးနီးပါး အမြီးလေးတွေ နန့် လာတယ်။

သူတို့ ကို ကျွန်မ ခွေးအစာကျွေးခဲ့တယ် ။ နွားနို့ တိုက်ခဲ့တယ်။ အိုးးးးးးးးးးးးးးးး စားလိုက်ကြတာ အလုအယက်။ ခွေးတွေက မစားဘူးတဲ့အစာဖြစ်နေလို့ လားမသိဘူး အားလုံးဗိုက်ကားနေတာတောင် ခုထပ်ချကျွေး ခုထပ်စားမယ့် ရုပ်တွေနဲ့  ကျွန်မကို ကြည့်နေတယ်။

ကျွန်မ သူတို့ ကိုကြည့်ပြီး တော်တော်ဝမ်းသာသွားတယ်။ ဘာလို့ လဲဆိုတော့ သူတို့ ဒီမနက်စာကို ကောင်းကောင်းမွန်မွန် စားခဲ့ရလို့ ပေါ့။ လူတွေကိုကျွေးရတာမှ ကောင်းတယ်မကောင်းဘူး ဝေဖန်နေသေးတယ် ။ ခွေးလေးတွေကို အစာကျွေးရတာ ဘာမှ မဝေဖန်ဘူး။ ကောင်းမှကောင်း။

နောက်တော့ ကျွန်မ ဘုန်းကြီးကျောင်းမှာ ဆွမ်းသွားကပ်တယ်။ တကယ်တော့ ကိုယ်တိုင်ချက်ပြီး ဆွမ်းပို့  ချင်ပေမယ့် ထူးခြားလှတဲ့ ကျွန်မလက်ရာကြောင့် ဘုန်းဘုန်းတွေ ဆွမ်းစားပျက်မှာဆိုးတာကြောင့် အမတစ်ယောက်ကို သေချာချက်ခိုင်းလိုက်ပြီး အပေါ်ကနှမ်းလေးဖြူးကာ ကျွန်မ ဆွမ်းချိုင့်ပို့ ခဲ့တယ်။

အဲဒါပြီးမှ ကျွန်မ ရုံးကလူတွေကို ဖုန်းဆက်ပြီး သူတို့ ကို မုန့် ဟင်းခါးဆိုင်မှာ မွေးနေ့ အတွက် ကျင်းပပေးခဲ့တယ်။ မွေးနေ့ အတွက် ကျွန်မအိမ်ကိုဖုန်းဆက်ဦးမှဆိုပြီး ဖုန်းဆက်တော့ မကြီးလာကိုင်တယ်။ ဒီနေ့ တာမီးရဲ့ မွေးနေ့  ဆုတောင်းပေးဆိုတော့ မကြီးက ဆုတွေ အများကြီးတောင်းပေးတယ်။ မေ့နဲ့ ပြောမယ်လေလို့  ကျွန်မ ပူဆာလိုက်တော့ မကြီးက မေ့ကိုဖုန်းလှမ်းပေးလိုက်ပါတယ်။ ကျွန်မက မေ့ဒီနေ့ လေဘဲရှိသေးတယ် မေ့က ဟတ်ပီဘတ်ဒေးမေ့သမီးတဲ့။ မေ့သမီးအတွက် မေ့အကောင်းဆုံးလုပ်ပေးထားတယ်။ဘုရားမှာလဲ မေ့သမီးအတွက် ဆုတောင်းပေးထားတယ်။ ဘုရားဆွမ်း၊ပန်း၊ရေချမ်း၊ဆီမီးထွန်းပေးထားတယ်တဲ့။ အခုဘဲ ဘုန်းကြီးကျောင်းက ပြန်လာတာတဲ့။ မေ့သမီးမွေးနေ့ အတွက် မေ့ ဆွမ်းသွားပို့ တာတဲ့။ ပြီးတော့ မေ့သမီး မျက်စိမှိတ်ထား။မေ့ဆုတောင်းပေးမယ်ဆိုပြီး ဆုတွေ အများကြီးတောင်းပေးတယ်။

မေ့ဆုတောင်းသံတွေကြားထဲမှာ ကျွန်မပျော်လွန်းလို့  မျက်စိမှိတ်ထားရင်းတန်းလန်းနဲ့  မျက်ရည်တွေ ကျလာခဲ့ တယ်။ ကျွန်မဒီကိုရောက်ကာစက ကျွန်မမွေးနေ့ ပွဲကို ကျွန်မတစ်ယောက်ထဲ အခန်းကျဉ်းကျဉ်းလေး ထဲမှာ အဖော်မပါဘဲ ကျွန်မလုပ်ခဲ့ဘူးတာ။ အဲဒီတုန်းကမွေးနေ့ မှာ ကျွန်မတစ်ယောက်ထဲဖြစ်တာကြောင့် အသည်း အသန် ငိုခဲ့ဘူးတာ ကျွန်မသွားသတိရလိုက်တယ်။အဲဒီတုန်းက ငိုခဲ့တာနဲ့  ဒီနေ့ မျက်ရည်ကျတာ တော်တော် ကွာမှန်း ကျွန်မသိခဲ့ရပါတယ်။ အခုဆို ကျွန်မဘေးနားမှာ ကျွန်မကိုချစ်တဲ့ ကျွန်မကို ခင်တဲ့ ကျွန်မရဲ့  သံယောဇဉ်တွေ အများကြီး ကျွန်မဘေးမှာ ရစ်ပတ်လို့ နေတယ်။

နေ့ လည် ၃း၀၀နာရီမှာ ကျွန်မနောက်တစ်နေရာ သွားခဲ့တယ်။ ဘယ်နေရာလဲဆိုတော့ HIV ကူးစက်ခံထားရတဲ့ ကလေးတွေ ထားတဲ့ Saving House ကိုထပ်မံသွားခဲ့ပါတယ်။ ကလေးငယ်အားလုံး အယောက် ၆၀လောက်ဘဲ ကျန်တော့တယ်။ အစတုန်းက ကျွန်မသိသလောက် ၁၀၀ ကျော်တယ်။ အခုတော့ အဲဒီကလေးတွေလဲ ဆုံးပါးသွားတာကြောင့် အခုဆို ဂေဟာမှာ သိပ်မကျန်တော့ပါဘူး။

ချစ်စရာ ကလေးလေးတွေအတွက် ကျွန်မ အ၀တ်အစားလေးတွေ၊ ပေါင်ဒါမှုန့် လေးတွေ၊ အားဆေးလေးတွေ၊ ကစားစရာအရုပ်လေးတွေ ၊ဘော်လုံးလေးတွေ ကျွန်မပေးခဲ့တယ်။ ပြန်ကာနီးကျတော့ ကျွန်မကို ဂေဟာက ဆရာမက အမဒီကလေးလေးမွေးစားမလားတဲ့။ ကြည့်လိုက်တော့ ကလေးလေးက အသားဖြူဖြူလေး၊ မျက်လုံးဝိုင်ဝိုင်းလေးနဲ့  အားလုံးခြုံကြည့်မယ်ဆို တော်တော်လေး ချစ်စရာကောင်းတာတဲ့ ကလေးလေး တစ်ယောက်ပါ။ အသက်က ၅လတဲ့။ အခုတော့ နို့ ဗူးတိုက်နေတယ်။ ကလေးလေးမေမေက မွေးပြီးထဲက ဆုံးသွားတယ်လို့ ပြောလာတယ်။ ကလေးလေးက ၅လသာပြောတယ် ရယ်ပြတတ်နေပြီ ။ ကျွန်မကိုလဲ ချစ်စရာ မျက်လုံးလေးနဲ့ ကြည့်ပြီး တစ်ချက်ရယ်ပြလိုက်တာ ကျွန်မဖြင့် ဘယ်လိုချစ်သွားမှန်း မသိတော့ပါဘူး။

အဲကလေးလေးကို မွေးစားဘို့ ကျွန်မကိုပေးနေတာကြောင့် တစ်ယောက်ထဲသမားဖြစ်တဲ့ ကျွန်မ ဘယ်လိုမှ မတတ်သာတဲ့အဆုံးစိတ်မကောင်းစွာနဲ့ ငြင်းခဲ့ရပါတယ်။ ကလေးလေးကို ခဏတာချီလိုက်ရတဲ့ အချိန်မှာ ကလေးလေးအတွက် ကျွန်မပြန်ပြီး ဆုတောင်းပေးလိုက်မိတယ်။ ကလေးရေ နောက်ဘ၀မှာ လူဖြစ်လာခဲ့ရင်လဲ အသက်ကြီးလာတဲ့အထိ မိစုံဖစုံနဲ့  ရောဂါတွေ ကင်းဝေးပြီး လူ့ ဘ၀ကို ပျော်ရွှင်စွာဖြတ်သန်းနိုင်ပါစေလို့  ကလေးလေးကို ရင်ခွင်ထဲပိုက်ပြီး ဆုတောင်းပေးခဲ့ပါတယ်။

ကလေးလေးကို ဂေဟာက ဆရာမဆီပြန်ပေးတော့ ကလေးက ကျွန်မလက်ကိုဆုတ်ကိုင်ထားလိုက်တာ မနည်းဖြည်ထုတ်ရတယ်။ ကျွန်မလဲ ဈေးကို အမြန်သွားပြီး ကလေးလေးအတွက် လိုအပ်တာတွေ ထပ်ဝယ်ပြီး ဂေဟာကို ပြန်လာခဲ့ပါတယ်။ နောက်လဲမကြာမကြာလာကြည့်ပါ့မယ်လို့  ကလေးလေးကို ဂတိပေးခဲ့တယ်။
ကျွန်မပြောနေတာတွေ နားလည်တယ်ထင်ပါရဲ့  ကလေးလေးက ပြုံးပြီး ကျွန်မကို ကြည့်နေတယ်။

နောက်တော့ အိမ်ပြန်လာပြီး ကွန်ပျူတာကို တန်းဖွင့်ပြီး ဘယ်သူတွေ မွေးနေ့ အတွက် Wish လုပ်ထားလဲ ကြည့်လိုက်သေးတယ်။ တစ်မနက်လုံးလဲ ဖုန်းနဲ့ BD Wish တွေ အများကြီး လက်ခံရရှိခဲ့တယ်။ ညထဲက ချစ်တဲ့ သူငယ်ချင်းများဆီကနေ ချစ်စရာကောင်းလောက်အောင် Wish တွေရခဲ့တယ်။ ဒါပေမယ့် တစ်ယောက်သော
သူရဲ့  မွေးနေ့ ဆုတောင်းလေးကို တိတ်တိတ်လေးမျှော်နေမိခဲ့တယ်။

ဒါလေးက ကျွန်မသွားသွားစတတ်တဲ့ ကျွန်မရဲ့ အချစ်ဆုံး ဘွား(မဂျာမွန်း)ရဲ့ ဆိုတောင်းသံလေးပါ။
24th May မွေးနေ့မှ နောင်နှစ်ပေါင်း များစွာတိုင်..
စိတ်၏ချမ်းသာခြင်း.ကိုယ်၏ကျန်းမာခြင်း နှင့်တကွ.. စိတ်သွားတိုင်းကိုယ်ပါနိုင်သော..
မိဘအား စိတ်ချမ်းသာစေသော၊ သမီးကောင်းရတနာ ဖြစ်ပါစေ..
ဘ၀ တစ်လျှောက်လုံး ပျော်ရွှင်မှု့အပေါင်းပြည့်စုံပါစေ...

ဒါလေးက မောင်လေးလင်းသူ(ဗိုက်ကလေး)ရဲ့  ဆုတောင်းသံလေးပါ။
မွေးနေ့ကစပြီး အသစ်တဖန် ပြန်လည်ရှင်သန်လာတဲ့ ဗိုက်ရဲ့အမတစ်ယောက်
ဖြစ်နိုင်ပါစေ

ဒါလေးက ကိုဖြိုးဇော်ရဲ့ ဆုတောင်းသံလေးပါ။
Happy birthday !ပါ။ မာမီရဲ့၊ ဘယ်နှစ်မြောက်မှန်းမသိတဲ့ မွေးနေ့မှသည်၊ နောင်နှစ်ပေါင်းများစွာတိုင်အောင်၊ ပျော်ပျော်ရွှင်ရွှင်၊ စိတ်ချမ်းချမ်းသာသာ၊ ချမ်းချမ်းသာသာနဲ့ ဘ၀ကို၊ ဖြတ်သန်းနိုင်ပါစေဗျာ။

ဒါကတော့ ကြယ်စင်ငယ်(ဖြူတုတ်)လေးက ဆုတောင်းပေးထားတာ။
happy birthday မမ

ဒါကတော့ ညီမလေးတစ်ယောက်လို ချစ်တဲ့ လေပြေက ဆုတောင်းပေးထားတာ။
happy birthdayမမဘ၀တလျှောက်လုံးပျော်ရွှင်ခြင်းတွေ အကုန်လုံးကိုမမတယောက်တည်းပိုင်နိုင်ပါစေ.. နော်

ဒါကတော့ အမေအိတ်လို့ ချွဲတတ်တဲ့သား(၀င်းဖြိုးသိုက်)ဆီက ညထဲက မအိပ်ဘဲ တမင်လာစောင့်ပြီး Wish လုပ်ပေးသွားတာ။
happy birth day ပါ အမေ… ပျှော်ရွှင်ပါစေ အဲဒီအချိန်ကိုတမင်လာစောင်.နေတာ အမေ အံ့သြအောင် email ထားခဲ.မလို.

ဒါကတော့ အာနိုးလှမိုးချစ်သူ (ĢØĿÐΞŊ PÅÏŅĜ ) ရဲ့ ချစ်သူ မီးလေးဇာက ဆုတောင်းပေးထားတယ်။
ချစ်ချစ် နောက်၂နှစ်အတွင်း မြန်မြန်ပေါင်းထုတ်ရပါစေနော်
မှောင်နဲ့လေ
ခိခိ


ဒါကတော့ သိပ်ချစ်စရာကောင်းပြီး စကားအရမ်းတတ်တဲ့ မီးမီးငယ်ရဲ့ ဆုတောင်းသံ။
မေကြီး တအားကြီးပျော်ရွှင်ပါစေကွာ

ဒါကတော့ ညီမလေး သဲငယ်လေးဆီက မွေးနေ့ ဆုတောင်းလေးပါ။
မွေးနေ့အတွက် ကိတ်လာပို.ပေးတာပါ

ဒါကတော့ မော်စကို ကျောင်းတတ်နေတဲ့ ကဗျာတွေ အများကြီးရေးတဲ့ သူငယ်ချင်း မိုးစက်အိမ်က ပို့ ထားတာ။
Happy Birthday ယင်ကောင် မွေးနေ့ မှာကျန်းမာပျော်ရွှင်ပါလို့ လိုရာဆန္ဒပြည့်ဝပါစေ

ဒါကတော့ မောင်လေးလွင်ဦးကို (ဂျေကို)ဆီက မွေးနေ့ ဆုတောင်းလေးပါ။
happy birthday နော် အစ်မ
စိတ်သစ်လူသစ်နဲ. ပျော်ရွှင်နိုင်ပါစေလို.ဆုတောင်းပေးပါတယ်
ကျွန်တော်တို. အားလုံး အစ်မ ကို သတိရနေကြပါတယ်
ပျော်ရွှင်ပါစေအစ်မမျှင်

ဒါကတော့ ချောကလက်မြို့ တော်ကနေ ပို့ လိုက်တဲ့ မွေးနေ့ ဆုတောင်းလေးပါ။
HAPPY BIRTHDAY TO YOU
ပျော်ရွှင်သောမွေးနေ့လေးဖြစ်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်...
ယနေ့မှ စ၍ နောင်နှစ်ပေါင် တစ်ရာတိုင် စိတ်သွားတိုင်းကိုယ်ပါ၍ လိုအင်ဆန္ဒ ပြည့်စုံပါစေလို့ ချောကလက်မြို့တော်မှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်.
ပျော်ရွှင်သောနေ့သစ်များနှင့်အတူ ရွှင်လန်းချမ်းမြေ့ပါစေ.....
မွေးနေ့ မှာပျော်ရွှင်စေကြောင်း chocolate မြို့ တော်မှ ဆုမွန်တောင်းလိုက်ပါတယ်။

ဒါကတော့ ကျွန်မကို မေ့လို့ ခေါ်တတ်တဲ့ သားအောင်လေး(အလန်ကွာတားမိန်း)ရဲ့  မွေးနေ့ ဆုတောင်းသံ။
သားမေရဲ့. မွေးနေ့မှသည် မေသည် တသက်လုံး ပျော်ရွှင်မှုတွေရရှိပြီး
ယခင့်ယခင်ကထက် မိမိအကျိုး၊ အများအကျိုးကို ဆထက်မက သယ်ပိုးဆောင်ရွက်နိုင်သော
တော်ဝင် မိန်းမမြတ်တစ်ယောက်ဖြစ်ပါစေလို့ သားဆုတောင်းလိုက်ပါတယ်မေ...

မွေးနေ့ ပုံတွေပါ တင်လိုက်ရင် စာမျက်နှာတော်တော် များသွားနိုင်လို့  ပုံတွေ မထည့်တော့ဘဲ ဒီတိုင်းဘဲ စာသားလေးတွေ ကူးယူပြောလိုက်တာ။

အားလုံးးးးးးးးးးးးးးးးးးးးးးးးးးးး
ကျေးဇူးးးးးးးးးးးးးးးးးးးးးးးးးးးး

10 comments:

လင်းကြယ်ဖြူ said...

***H*A*P*P*Y****B*I*R*T*H*D*A*Y***
ပျော်စရာကောင်းတဲ့ နေ့ကလေး ကနေ နောင်ကျန်တဲ့
ရက်ပေါင်းများစွာ မှာ...
ပျော်ရွှင် ပါစေ....

*.*.*

rose of sharon said...

HAPPY BIRTHDAY
မွေးနေ့မှာ လိုတာတွေအကုန်ရပါစေ

ကိုတိုး said...

မွေးနေ့မှာအကုန်ရပါစေ အမြဲတမ်းလည်းဆိုးနိုင်ပါစေနော် အမရေ ပျော်ရွှင်ဖွယ်ရာကောင်းသောမွေးနေ့လေးဖြစ်ပါစေခင်ဗျာ။ အနီးနားရှိမနေတော့လည်းဘာမှကိုလက်ဆောင်မပေးနိုင်ဘူးနော် အလုပ်တွေမအားလို့အမရေ နားလည်ပေးပါနော်။ ပျော်ရွှင်ဖွယ်ရာမွေးနေ့လေးဖစ်ပါစေနော်။

Flower said...

ပျော်စရာ မွေးနေ့လေး ဖြစ်ပါစေနော်
ဒီနေ့ဒီရက်မှ စလို့ နောင် ကျန်ရှိတဲ့ အချိန်တိုင်း
အဆင်ပြေ ပျော်ရွှင်သော ဘ၀လေးကို ပိုင်ဆိုင်နိုင်ပါစေ
ချစ်သူခင်သူများနဲ့ မခွဲမခွာ အတူတူနေရပါစေ.
ဆန္ဒအားလုံးပြည့်ဝပါစေနော်..

Maung Myo said...

အစ်မ ကျနော် သတိရတယ် ဖုန်းဆက်ဖို့က ဖုန်းမရှိလို့း) ခုမှ ဆူတောင်းပေးတယ်နော့် တကယ့်ကိုစိတ်ပျိုလို့ ကိုယ်နုပါပဲဗျာ ။

what is good things said...

ထူးခြားပြီး အနှစ်သာရပြည့်ဝတဲ့မွေးနေ့အလှူလေး အတွက် သာဓု အကြိမ်းများစွာ ခေါ်ဆိုပါတယ်
ကျောပိုးအိတ်လေးရေ..။

happy birthday ! မွေးနေ့ရက်မြတ်မှ နောင်ရက်များစွာကို အဆင်ပြေချောမွေ့စွာ ဖြတ်သန်းနိုင်ပါစေနော်။
ဆုတောင်း တရက်နောက်ကျသွားတဲ့အတွက် ဆောရီးပါ။

မိုးခါး said...

တရက် နောက်ကျသွားတယ် .. :D
ပျော်ရွှင်ဖွယ်မွေးနေ့ပေါင်းများစွာကို ဖြတ်သန်းနိုင်ပါစေ ..
ဆန္ဒတွေ ပြည့်ဝပါစေနော် ..း))

ကလေးပုံလေး နောက်ကျရင် တင်ပေးပေါ့
း))
ကလေးလေးတွေက အပြစ်ကင်းပါတယ် .. သနားဖို့လည်း ကောင်းတယ် ..

မြစ်ကျိုးအင်း said...

Happy Birthday !!!
ပျော်ရွှင်ဖွယ်ရာ မွေးနေ့လေး ဖြစ်ပါစေ။

မွေးနေ့မှာ လုပ်ဆောင်ခဲ့တာတွေလည်း သိပ်ကောင်းတာပဲ။

မေလဖွား ဘလော့ဂ်ဂါတွေ များတယ်နဲ့ တူတယ်။ ဆက်တိုက်တွေ့နေရတယ်။
ကျနော့်မွေးနေ့နဲ့ ၃ ရက်ပဲ ကွာတယ်။

ahphyulay said...

အောက်ဆုံးမှာ နောက်ဆုံးမှ ရောက်ခဲ့ ရတယ်ဗျာ။
မွေး နေ့  လေး မှ သည် နောက် အနှစ် တစ်ရာ တိုင်
ပျှော်ရွှင် ချမ်းမြေ့  သော ဘဝ တွေ ထဲ မှာပဲ
ဆက်လက် ရှောက် လှန်းသွား နိုင်ပါစေဗျား..။

Maung Myo said...

မမီးရေ ကျနော့်မေးလ်က myomaungg@gmail.com နော်း)