ကွမ်းယာ စားရအောင်

21:04 Posted by ကျောပိုးအိတ်




သပလာနံ အစုံပါတဲ့  ကွမ်းယာထုပ်




ပဲငါးပိအချိုရည်နဲ့  မြေပဲဆံ ရောထားတဲ့ ချိုတဲ့အရည်

အုန်းသီးဖြူဖြူ

စပါးလင်

ထမင်းခြောက်ကြော်

ခရမ်းကဇော့သီး၊ငရုပ်သီးစိမ်း

ကြက်သွန်ဖြူ ၊ ဂျင်းနု ၊ ၊သံပုရာသီး ၊

ပုဇွန်ခြောက် ၊ မြေပဲဆံ

ကွမ်းရွက် (ကွမ်းရွက်ဆိုပေမယ့် ကွမ်းရွက်အစစ်တော့ ဟုတ်ဘူး။ ဘာအရွက်လဲ မသိဘူး)

ဒီလိုလေးတွေပါတယ်နော်



စားလို့ ရပြီ



စားကောင်းတယ်နော် ။ ပါးစပ်သာကျယ်ကျယ်ဟဘို့ လိုတယ် ။


ကျွန်မတို့ ရုံးဘေးနားမှာ မုန့် သည် အသစ်တိုးတယ်။ လာလာဝယ်စားနေပေမယ့် ဘာမှန်းမသိဘူး။ ရုံးကသူ တော်တော်များများစားနေတာလဲတွေ့ လို့ မေးကြည့်တော့ ကွမ်းယာတဲ့။


ကျွန်မလဲ တော်တော်စိတ်ဝင်စားတယ်။ ကျွန်မတွေ့ ဘူးတဲ့ ကွမ်းယာက ထုံးဖြူဖြူနဲ့  ဆေးမဲမဲနဲ့  ကွမ်းသီးစိတ်နဲ့  လေ။ခုတော့ အဲဒိလို ဟုတ်ဘူးတော့။


အထုတ်လေးတွေ တစ်ခါထဲထုတ်ထားတယ်။ မေးကြည့်တော့ ၂၀ တဲ့။ မြန်မာငွေ ၆၀၀ ပတ်ဝန်းကျင်ပေါ့။ ထုတ်ထားတာလေးက စားချင်စရာလေး။


ကျွန်မတစ်ထုတ်ဝယ်ပြီး စားကြည့်တော့ ကောင်းတယ်တော့။ ထုံးစံအတိုင်း လက်ထဲကကို မချချင်တော့ဘူး။


ဘာတွေပါလဲဆိုတော့

အုန်းသီးဖြူဖြူ ၊ ခရမ်းကဇော့သီး၊ ကြက်သွန်ဖြူ ၊ ဂျင်းနု ၊ ငရုပ်သီးစိမ်း ၊သံပုရာသီး ၊ ပုဇွန်ခြောက် ၊ စပါးလင် ၊ ကွမ်းရွက် (ကွမ်းရွက်ဆိုပေမယ့် ကွမ်းရွက်အစစ်တော့ ဟုတ်ဘူး။ ဘာအရွက်လဲ မသိဘူး)ထမင်းခြောက်ကြော် ၊ ပြီးတော့ ပဲငါးပိအချိုရည်နဲ့  မြေပဲဆံ ရောထားတဲ့ ချိုတဲ့အရည် ၊ မြေပဲဆံ တွေပါတယ်နော်။


ချိုတယ်၊ စိမ့်တယ်၊ စပ်တယ် ၊ ပူတယ် ၊ ရွရွလေးနဲ့ ဘာတွေဝါးနေရမှန်း သိတော့ဘူးရယ်။

း)





8 comments:

နေဒေးသစ် said...

ထူးထူးဆန်းဆန်း ..
နင့်ဟာက ကွမ်းယာလည်း ဟုတ်ပဲနဲ့ ..
ကွမ်းယာပုံစံနဲ့တော့ တော်တော်လေး ဆင်တယ် ..
အရွက်က ပိုဆင်တယ် ..
အထုပ်လေးက နင်ပြောသလိုပဲ ချစ်စရာလေး ..
ကွမ်းယာဆိုရင်တော့ သိပ်စားလေ့ မရှိတော့ မစားတော့ဘူး ရေးမလို့ .. ခုတော့ စားကြည့်ရတော့မယ် .. ဟဲဟဲ ..

နေဒေးသစ်။

လင်းကြယ်ဖြူ said...

ကွမ်းယာမစားတတ်ပေမယ့် ဒါလေးကထူးနေလို့
မြည်းချင်စိတ်ပေါက်သွားတယ်
ပျော်ပါစေ

စန္ဒကူး said...

ဘယ်လိုလေးလဲ စားချင်စရာနော် ကွမ်းယာလဲမဟုတ် ကွမ်းယာပုံလဲဟုတ်

ကျောပိုးအိတ် said...

သိဘူးလေ

သူတို့ ပြောတော့ ကွမ်းယာတဲ့။ အဲကြောင့်ကွမ်းယာဘဲသိ လိုက်တာပေါ့။

စားကောင်းတယ်။

rose of sharon said...

မြည်းကြည့်ချင်သား

Anonymous said...

ဘာကွမ်းဟာကြီးလဲဟ.. တမျိုးပါလား...။ ငယ်ငယ်ထဲကကို မကြိုက်တာဆိုတော့ မစားတော့ဘူး

မိုးစက်အိမ် said...

ယင်ကောင်နင်ဘာတွေ လျောက်စားနေပြန်ပြီလည်း အေး
ပြီးမှ ဗိုက်နာတယ်ဆိုလို.ကတော. ငရုတ်သီးထပ်စားခိုင်းမယ် :P

ကျောက်ကျော said...

ဘာဝါးလို့ဝါးမှန်းမသိရင်ရေးမနေနဲ့လေ အလကား အားယားနေလား