ငပိထမင်းကြော် နဲ့  ၀က်သားကင်
17:41 Posted by ကျောပိုးအိတ်
 ငပိထမင်းကြော်ပါရှင့် .. ဘာတွေပါလဲဆိုတော့ ငပိပါတယ် .. ၀က်သား .. ပုဇွန်ခြောက်ကြော် .. သရက်သီးစိမ်း.. ငရုတ်သီးကြော် .. ကြက်ဥကြော် ..သခွားသီးနဲ့  ကြက်သွန်နီရယ် နံနံပင်ရယ် :D:D
 ငပိထမင်းကြော်နဲ့  စားဘို့ အအီပြေ အချဉ်
ဝက်သားကင်နဲ့ တို့ စားမယ် :D
8 comments:
နေ၀သန် said...
စားချင်တယ်... ရှလွတ်...
Anonymous said...
ချစ်တဲ့ အိတ်လေး
ဟိ ဟီ မတွေ့ ရတာကြာလှပေါ့
အပျိုကြီးဘ၀ကတောင် ကျွတ်သွားလား အောက်မေ့ရတယ် ဒါမှမဟုတ် ပြန်ပေးများဆွဲ
သွားလားလို့ ထင်နေတာ စစားနေပြီပေါ့ဟုတ်လား
ဆာတေး ကြိုက်တယ် ငငပိထမင်းတော့ စားဖူးဘူရယ်
ကောင်းလားဟင်။ အပျိုကြီးဘ၀က ကျွတ်ဖို့ မြန်မြန်လုပ်သိလား တော်ကြာ ရုံလေး
ထက်နောက်ကျနေမှာ စိုးလို့ တိ
လာ။ ဟီ ဟီ နောက်တာ
အတည်နော် တိလာ
ချစ်တဲ့
ရုံလေး
ကိုဇော် said...
ရှလွှတ်. . .တောက်တောက် . .
ချော(အစိမ်းရောင်လွင်ပြင်) said...
ကိုယ်တိုင်ချက်ထားတာလား..
း)
လက်ရာကောင်းမဲ့ပုံဘဲနော်
ဆိုင်က လက်ရာအတိုင်းဘဲ.. ဟီး
စားတော့ တကယ်ကောင်းမဲ့ပုံပါ..
ငပိနံ့မွှေးမွှေးလေးနဲ့နေမယ်
ကျောပိုးအိတ် said...
ကိုနေ၀သန် စားချင်ရင် လာခဲ့လေ .. လိုက်ဝယ်ကျွေးမယ်
:P ;P
ချစ်ရုံလေး .. ဘယ်ပျောက်နေတာတုန်း .. လွမ်းလွန်းလို့  အကြီးကြီး သတိရနေတာ အေ့အေ ..
အပျိုကြီးဘ၀က ကျွတ်သေးဘူး (တိုးတိုးလေး ပြောတာနော် သူများတွေကြားသွားမယ်) ဟိဟိ .. ရုံလေးက ဘယ်တော့လဲလို့  .. သံချောင်းခေါက်ဦးနော် .. အမေရိကားထိ လာခဲ့မယ်
:P ;P
စားကောင်းတယ် မမချောရ .. တာမီးချက်တာ ဟုတ်ရပါဘူး.. ဆိုင်မှာစားတာ .. စားကာနီး အကုန်နယ်လိုက်တယ် .. ငပိပါတော့ နည်းနည်းငံတယ် .. သရက်သီးစားမိတော့ ချဉ်တယ် .. ငရုတ်သီးကိုက်မိတော့ စပ်တယ် .. ကြက်သွန်နီဝါးမိတော့ ရှိန်းတိန်းတိန်းနဲ့  .. :D:D
ကိုဇော် ဘာတွေကျသွားတာလဲဟင် .. ဘယ်သူမှမတွေ့ ခင် ပြန်ကောက်လိုက်နော် :D:D
Anonymous said...
ဟိ ဟီ ချစ်တဲ့ အိတ်လေး
ရုံလေး မင်္ဂလာဆောင်က ရန်ကုန်မှာ ဆောင်မှာပါ
မေးလ်ပေးထားလေ ဖိတ်မယ်သိလာ
ဒါပေမဲ့ ခုဟုတ်သေးဖူးလေ နော်
မြန်မြန်ကျွတ်အောင်လုပ်တော့( အပျိုကြီးဘ၀)
နောက်ဆို ဟင်းဟင်း သိတယ်ဟုတ်
ဟိ ဟီ သတိရတာကလည်း အကြီးကြီးတဲ့
ချစ်တဲ့
ရုံလေး
မြစ်ကျိုးအင်း said...
ဝက်သားကင် ကြိုက်တယ်
လာတာနောက်ကျလို့ ကုန်ပြီနဲ့တူပါတယ်
သိင်္ဂါကျော် said...
စားချင်လိုက်တာ.. စားချင်လိုက်တာ..