နောက်ဘ၀အတွက် ဆုတောင်းကြမယ်

07:37 Posted by ကျောပိုးအိတ်

မနေ့ က မြန်မာပြည်က မောင်လေးတစ်ယောက်နဲ့  စကားတွေ အများကြီး ပြောဖြစ်တယ်။ ရောက်တတ်ရာရာတွေ ပြောလိုက် ရယ်လိုက်နဲ့ ။ စကားကောင်းနေတုန်း အဲဒီမောင်လေးက ရုတ်တရက် မမသိလား သားသူငယ်ချင်းရဲ့  ဂျီတော့မှာလေ မက်ဆေ့တင်ထားတယ်။ ဂျီတော့မှာ မက်ဆေ့တင်ထားတာ ဘာများထူးဆန်းလို့ လဲသားရယ်ဆိုတော့ ဟုတ်တော့ဟုတ်တယ်။ မထူးဆန်းပါဘူး။ဒါပေမယ့် အတွေးကောင်း လေးဖြစ်နေလို့ တဲ့။

ကဲပြောပါဦး။ ဘယ်လောက်တောင် အတွေးကောင်းနေလို့ လဲဆိုတော့ သူ့ သူငယ်ချင်းတင်ထားတာက

နောက်ဘဝ
ကိုရီးယားမှာ လူဖြစ်ခွင့်ရခဲ့ရင် ရုပ်ရှင်မင်းသား
အင်္ဂလန်မှာ လူဖြစ်ခွင့်ရခဲ့ရင် ဘောလုံးသမား
မြန်မာနိုင်ငံမှာ လူဖြစ်ခွင့်ရခဲ့ရင် လူကြီးသား

ဖြစ်ရပါစေတဲ့။

ဘာရယ်မဟုတ်ဘူး။ပြုံးမိပါတယ်။ ကျွန်မအိမ်ကိုစာလာဖတ်တဲ့သူတွေကရော နောက်ဘ၀အတွက် ဘာတွေများ ဆုတောင်းထားလဲ။ ဆုတောင်းထားတာရှိရင် ပြောပြပါလား။

4 comments:

လင်းကြယ်ဖြူ said...

ဆုတောင်းကောင်းလေးပဲခင်ဗျ..
တွေးတတ်ပါဘိ...
ပျော်စရာလေးပါပဲခင်ဗျ...

*.*.*.

Anonymous said...

တွေ့ဖူးတယ် အဟိဟိ ဟုတ်တာပဲဟာ

စန္ဒကူး said...

ပျော်စေသက်သက်နောက်တာသာဖြစ်မယ်ထင်ပါတယ်... တစ်ကယ်တမ်းပြန်စဉ်းစားကြည့် ကိုးရီးယားရုပ်ရှင်မင်းသားဖြစ်လဲဘယ်လောက်ကြာကြာ ခံမလဲ..အသစ်သစ်တွေသာခေတ်စားနေကြတာ.. ဘောလုံးသမားတွေလဲထိုနည်းလည်းကောင်း.. လူကြီးသားတွေလဲ အဖေပြုတ်ရင် ..???? ဘယ်ဟာမှမကောင်ပါဘူ..
လက်ရှိရထားတဲ့ဘ၀ကိုဘဲကျေနပ်အောင်နေပါလို့ အဲဒီမောင်လေးကိုလမ်းကြုံရင်ပြောပေးပါနော်..း)

မြစ်ကျိုးအင်း said...

ကျနော်တွေ့မိတာကတော့ ဆိုမာလီမှာ လူဖြစ်ရင် ပင်လယ်ဓမြ ဖြစ်ပါရစေ ဆိုတာတောင် ပါသေးတယ်