ဌာနေကို မေလေ ပြန်ရတော့မယ်

21:14 Posted by ကျောပိုးအိတ်

ကျွန်မ ၂၈ . ၁ . ၂၀၁၁ မှာ မြန်မာပြည် အပြီး ပြန်ပါပြီရှင် .. မြန်မာပြည် ပြန်ရောက်ရင်တော့ ပို့ စ်တွေ ထပ်တင်ဖြစ်ပ့ါမလား ကျွန်မကိုယ်တိုင် မသေချာပါဘူး .. ဒီမှာနေခဲ့တုန်းက အိမ်မှာ အင်တာနက် တတ်ထားတာတောင် ပို့ စ်တွေ ပုံမှန်မရေးဖြစ်တဲ့ ကျွန်မက ဌာနေမှာရော ပုံမှန်ရေးနိုင်ပ့ါမလားလို့  ကျွန်မတွေးနေမိပါတယ် ...

ဘာဘဲပြောပြောပါလေ .. ကျွန်မရေးခဲ့သမျှတွေကို (စာရေး မကောင်းမှန်း သိပေမယ့်) တကူးတကန့်  လာရောက် ဝေဖန်ပေးကြတဲ့ ဘလော့ဂါ အကို .. အမ .. မောင်လေး .. ညီမလေးတွေကိုတော့ ကျွန်မ အမြဲ အမှတ်ရနေမှာပါ ..

ခုတော့ အပြီးပြန်ဖြစ်တော့မှာဆိုတော့ ပစ္စည်းတွေ သိမ်းဆည်းနေပါတယ် .. လုပ်အားပေးလေးများ လာကြမယ်ဆို တော်တော် ၀မ်းသာမိမှာ ..

အခုတော့ တစ်ယောက်ထဲ ....း(

4 comments:

Maung Myo said...

မောင် နဲ့ အတူတူ စစ်မှုပြန်ထမ်းတော့မယ်တဲ့း)

ဖိတ်စာပို့လိုက် အစ်မရေ့ မျှော်နေမယ် ပြီးတော့ မဲဆောက်က နှုတ်ဆက်ပါတယ်တဲ့ ။

khin oo may said...

သတိရနေမှာပါ. သတိရသေးရင်ပြန်လာခဲ့ပေါ့။ ရန်ကုန်ရောက်ရင်တော့လဲ မေ့သွားဘို့များပါတယ်။


မှတ်ချက်
ဗလကောင်းတယ် လာခဲ့ရမလား။

ကိုဇော် said...

ဟော . . ဖြစ်ရလေ။ ရေးလို့ မပြီးသေးတဲ့ ပို့စ်တွေထဲမှာ “ ကျောပိုးအိတ် ” ဆိုတဲ့ ပို့စ်လေး တစ်ပုဒ်လည်းပါတယ်။ ဒါလေးကို ရေးပြီးလို့ တင်ရင်တော့ လာပြီးတော့ ပြောဦးမှလို့ တွေးနေမိသေး။
အဲဒီပို့စ်လေး တင်ဖြစ်ဖြစ် ၊ မဖြစ်ဖြစ် နာမည်လေးကို သတိရနေမှာပါ။

ပျော်ရွှင်သော အိမ်ပြန်ခြင်း ဖြစ်ပါစေ။

-- ဝိုင်းပြီးတော့ သိမ်းပေးချင်ပါတယ်။ ယူလာခဲ့လေ။

rose of sharon said...

ဆက်ရေးလို့ရပါစေလို့ဆုတောင်းပေးပါတယ်.... အိမ်ပြန်ရတာပျော်စရာကြီးဘဲ... အစစအရာရာ အဆင်ပြေပါစေလို့ ဆုတောင်းပေးလိုက်တယ်နော်....